Hello Client,
ဗေဒင်ကို ဖရီးဟောနေပေမဲ့ တချို့က ဈေးနှုံးသိချင်ကြတယ်။ဒီတော့ ကိုယ်အလုပ်ကိုသိတတ်စွာနဲ့ ပြောရတာတွေရှိပါတယ်။ကြေးမတတ်မှတ်ပေမဲ့ ကြေးမထွက်တဲ့လူကိုကြေးပြောမိရင်မှားသွားမှာပေါ့။ကြေးထွက်တိုင်းပွဲကမဖြစ်ဘူးလေ။R+နဲ့မေးပြီး R+နဲ့ပြန်သွားရင် R-ဖြစ်တော့မှာပေါ့။
အဲ့ဒီတော့.....ကြေးကဒီလိုလုပ်ထားရတယ်....
မိတ်ဆွေ...အသဲကွဲလို့တိုင်ပင်ရင် ၁၅၀၀ ဒေါ်လာ ♥♥♥♥
....ကိုယ်အကြောင်းမေးရင်းနဲ့သူ့အကြောင်းပါသိချင်ရင် နှစ်ဆ
....ပုံစံ(၁၀)ထဲကအကုန်မေးရင်...ဆယ်ဆ
....တိတ်တိတ်လေးပေါင်းနေတဲ့သူရဲ့ကိစ္စမေးရင် lobby မှာချိန်းပြီးဟောပေးမယ်..ဒီကိုမလာနဲ့
....ဆွဲကြိုးပျောက်လို့လာမေးရင် လက်ခမယူဘူး ဒုံးဟောပေးမယ်လေ....
....ခလေး န့ာမယ်မပေးတတ်ဘူး ကိုယ်မွေးတာကိုယ်ပေး ကိုယ်ရောင်းတာကိုဈေးသတ်မှတ်..
....ခလေးမွေးဖို့ ရက်သတ်ပေးရမယ်ဆိုရင် အဲ့ဒီနေ့ မွေးမှာလား..
....မင်္ဂလာဆောင်ဖို့ ဇာတာနှစ်ဆောင်အပ်ရင် ပုလင်းနှစ်လုံးဆရာကို ဆက်သရမယ်...
....လမ်းကြုံလို ၀င်လာပြီးမေးရင် လမ်းဆုံမှာ ဘီယာဆိုင်ရှိတယ် လိုက်ခဲ့ပေတော့...
....လက်တော့နဲ့ ဟောရင် ဘာနဲ့ကတော့မှာလဲ....ဟိုခေတ်က ကျောက်သင်ပုန်းနဲ့ဟောရင် တစ်မတ်ရတယ်လေ..
....မွေးချိန် မွေးရက် ပြန်ရှာပေးရမယ်ဆိုရင်...သင့်ကိုယ်ရေးရာဇ၀င်ကို မစ္စတာ လီယို ရုံးခန်းမှာအပ်ရမယ်..
....မီးပျက်ရင် ဖယောင်းတိုင်ထွန်းပြီး လက္ခဏာကြည့်ပေးမယ် ဂါထာမရွတ်ဘူးနော်...
....ဗေဒင်သင်တန်းမပေးပါ။တတ်သွားရင် မစ္စတာလီယို ရဲ့ ဗေဒင်ဘိဇနက် သိသွားမှာဆိုးလို့ပါ ဗျာ....
ဗေဒင်ဆရာ မစ္စတာလီယို
Saturday, April 25, 2009
Subscribe to:
Post Comments (Atom)




0 comments:
Post a Comment