Friday, August 27, 2010

၁၂ ရာသီဖွား ဗေဒင်ကော်လံ များ ဖတ်ရှူရာတွင် သတိပြုဖွယ်ရာ

ဗေဒင်ပညာဖြင့် မွေးနေ့ မွေးရက် မွေးလ မွေးနှစ် တွေကို ဟောပြောရာတွင် ၁၂ ရာသီ ပါဝင်ပြီးဟောဆိုမှူရှိကြသည်။၁၂ ရာသီဟောကိန်းများသည် ဂျာနယ်များ မဂ္ဂဇင်းများ တွင်မက FM Radio မှာပင်နေရာယူလာကြသည်။ ၁၂ ရာသီကိုဟောလျှင် အရှေ့တိုင်း နှင့် အနောက်တိုင်း ဟူရှ်ျ နှစ်မျိုးရှိသည်။ အနောက်တိုင်း ရာသီခွင် အစရက်နေသည် အင်္ဂလိပ်လ ၏ ၂၂ရက် ၂၃ ရက်တွင် စတင်လေ့ရှိပြီး၊ အရှေ့တိုင်း ရာသီခွင် အစပြုသောရက်တို့သည် အင်္ဂလိပ်လ ၁၅ ရက် ၁၆ရက်နေ့များတွင် အစပြုတတ်ပါသည်။
  သို့ရာတွင် တချို့ဆရာသမားများသည် အနောက်တိုင်းရာသီခွင်ယူပြီး အရှေ့တိုင်း ရာသီဇာတာများဟောသလို ဟောကိန်းထုတ်နေကြပါသည်။ ဥပမာ ...သောကြာ ဥစ်န၀င်း ရသည်။ကြာသပတေး ၀ဂ္ဂုတမ္မ န၀င်းရသည် ဟု ဟောကိန်းများတွင် ထည့်သွင်းဖေါ်ပြသည် ကိုကြားသိနေရသည်။ သေမည် ရှင်မည်ဟော ခြင်းသည် အရေးမကြီးချေ ...Application ရောနှော ခြင်းသည် လက်မခံနိုင်သော ကိစ္စပင်ဖြစ်သည်။ဗေဒင်ကော်လံများဖြစ်ကြသော တရုတ်ရိုးရာ ၁၂ ကောင်
သင်္ချာဗေဒ ၊ ခုနှစ်နေ့သားသမီး အဟော များသည် Application မရှူတ်ထွေးချေ။ ၁၂ ရာသီ ဗေဒင်ကော်လံ ကိုတော့ သတိထား သင့်ကြောင်း တင်ပြလိုပါသည်။
  ZODIACAL 12 SIGNS
    ♈ – Aries (The Ram)
    ♉ – Taurus (The bull)
   ♊ – Gemini (The Twins)
  ♋ – Cancer (The Crab)
  ♌ – Leo (The Lion)
  ♍ – Virgo (The Virgin)
  ♎ – Libra (The Scales)
  ♏ – Scorpio (The Scorpion)
  ♐ – Sagittarius (Centaur The Archer)
  ♑ – Capricorn (Goat-horned, The sea goat)
  ♒ – Aquarius (The water bearer)
  ♓ – Pisces (The fish)

Post a Comment