တခါက
ရပ်ကွက်တခုတွင် အရပ်ဗေဒင်ဆရာက ရောက်ရှိလာသော မေးမြန်းသူကောင်မလေးတဦးအား
သူမ၏ အိမ်ထောင်ရေးကို ဟောပြောဆွေးနွေးလေသည်။သူမသည်
အိမ်ထောင်သည်တဦးနှင့်ချစ်ကြိုက်နေသည်ဟုရင်ဖွင့်၏။သူမ၏ချစ်သူပေါ်မလာသည်မှာ
ကြာမြင့်နေဘီဖြစ်ကြောင်း သို့အတွက်ပြုလုပ်ဖွယ်ယထြာပေးစေလို၏။ဆရာသမားက ကုတင်ခြေရင်းတွင်ဆေးဖယောင်းတိုင်တစ်တိုင်ညတိုင်းထွန်းညှိရန်မှာကြား၏။သို့ဖြစ် သူမသည် ဆရာအားကန်တော့ပြီး ၊အိမ်ပြန်ရောက်တော့ ညစဉ် ဖယောင်းတိုင်ထွန်းတော့လေသည်။ဆရာမသိသည်မှာ ထိုမိန်ခလေးသည် တရပ်ကွက်ထဲသားဖြစ်သည်။
တညသော် ဆရာတို့ရပ်ကွက်တွင်မီးလောင်တော့သည်၊မိုးလင်းမှမီးငြိမ်းသွားပြီးလူအများအပြားဘုန်းကြီးကျောင်းတွင်စုဝေးလျှက်ယာယီဒုကသည်စခန်းဖွင့်လှစ်တော့သည်။ထိုစခန်းတွင် ထမင်းထုပ်ဝေသောအခါ ဗေဒင်မေးသွားသောကောင်မလေး အိမ်မှမီးစတင်လောင်ကြောင်းသိလိုက်ရလေသတည်း။

0 comments:
Post a Comment